ဆာကိုဇီ အရေးနိမ့်လို့ မာရင်း လီပန်း ထောက်ခံသူတွဆီက မဲဆွယ်နေ

  • 23 ဧပြီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရှေ့က ပြေးနေတဲ့ Francois Hollande

ပြင်သစ် နိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ပထမ နေရာမှာ ရှိနေတဲ့ ပြိုင်ဖက် ဆိုရှယ်လစ် ပါတီဝင် Francois Hollande ရဲ့နောက်က ဒုတိယ လိုက်နေတဲ့ သမ္မတ Nicolas Sarkozy ဟာ လက်ယာယိမ်း ဝါဒီ မဲဆန္ဒရှင်တွေရဲ့ ထောက် ခံမှု ရဖို့ ကြိုးစား နေရပါတယ်။

မစ္စတာ ဆာကိုဇီဟာ လာမယ့် လမှာ ဒုတိယ အဆင့် ရွေးကောက်ပွဲ ကျင်းပတဲ့ အခါ တတိယ နေရာက အနိုင်ရခဲ့တဲ့ Marine Le Pen ကို ထောက်ခံတဲ့ လက်ယာယိမ်း မဲဆန္ဒရှင်တွေ ဆီက ထောက်ခံမှု ၁ဂ ရာခိုင်နှုန်းလောက် ရယူရမှာ ဖြစ်ပါတယ်။

မာရင်း လီပန်းရဲ့ Front National ပါတီ က ရွေးကောက်ပွဲ ဝင်ခဲ့သမျှ သက်တမ်းတလျှောက် ထူးထူးခြားခြား မဲရာနှုန်း အများဆုံး ရခဲ့တာ ဖြစ်ပါတယ်။

ဥရောပကို လူတွေ ပြောင်းရွေ့ ဝင်ရောက် နေထိုင်မှုနဲ့ နယ်စပ် ကနေ လူတွေ ခိုးဝင်နေ တာတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ပါမယ်လို့ မာရင်း လီပန်းကို ထောက်ခံ သူတွေကို မစ္စတာ ဆာကိုဇီက ပြောကြား မဲဆွယ်ခဲ့ပါတယ်။