ဘင်္ဂလား နိုင်ငံရေးသမားပျောက် ရှာပေးဖို့ သတိပေး

  • 25 ဧပြီ 2012
Khaleda Zia ဓာတ်ပုံ မူပိုင် focus bangla
Image caption အလီ မိသားစုနဲ့ တွေ့ရတဲ့ ခါလီ ဒါဇီယာ

အရင်ပတ်က ပျောက်နေတဲ့ ပါတီ ခေါင်းဆောင် ကို ရှာပေးဖို့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ပါတီ ခေါင်းဆောင် ခါလီဒါ ဇီယာက အစိုးရကို သတိပေး ခဲ့ပါတယ်။

နိုင်ငံရေး သမား အီလိုင်းယက်စ် အလီကို စနေနေ့မှာ ထုတ် မပြ နိုင်ရင် ဆန္ဒပြမယ်လို့ သူက ဆိုပါတယ်။

ဒီလူ ပျောက်သွားတဲ့ အတွက် ခါလီဒါ ဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသား ပါတီကို ထောက်ခံသူတွေက ၃ ရက်ကြာ အထွေထွေ သပိတ် မှောက်ခဲ့ကြ ပါတယ်။

လုံခြုံရေး တပ်တွေ လက်ချက် ဆိုတဲ့ စွပ်စွဲချက်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပယ်ချ ခဲ့ပါတယ်။