ဆီးရီးယား လေ့လာသူတွေ အပြန် မှာ အကြမ်းဖက်

  • 25 ဧပြီ 2012
syria ဓာတ်ပုံ မူပိုင် AP
Image caption ကုလ သမဂ္ဂ အဖွဲ့ လာသွားပြီး ဆီးရီးယား တချို့ အသတ်ခံရဆို

ဆီးရီးယား မြို့ကြီးတွေကို ကုလ သမဂ္ဂ ငြိမ်းချမ်းရေး လေ့လာသူတွေ လာသွား ပြီးနောက် အကြမ်းဖက် မှုတွေ ပေါ်လာတဲ့ အတွက် စိုးရိမ်မိကြောင်း ကုလ အထူး ကိုယ်စားလှယ် ကိုဖီအာနန် က ပြောပါတယ်။

ဟာမာမြို့မှာ ကုလ သမဂ္ဂ အဖွဲ့ လာသွားပြီး နောက် ဆီးရီးယား တချို့ အသတ်ခံရတယ်လို့ အတိုက်အခံ ဘက်က သတင်း ထွက်လာ ပါတယ်။

အကောင်းဘက်ကို ပြောင်းလဲဖို့ အတွက် ကုလ သမဂ္ဂ လေ့လာသူတွေ အရှိန်မြှင့် လွှတ်ဖို့ လိုနေပြီ လို့ မစ္စတာ အာနန်က ဆိုပါတယ်။

လေ့လာသူ သုံးရာ လွှတ်ဖို့ လုပ်ထားရာမှာ ဆီးရီးယားကို ၁၁ ယောက်ပဲ ရောက်ပါ သေးတယ်။