မားဒေါ့ စုံစမ်းရေး ကော်မရှင်မှာ ထွက်ဆို

  • 26 ဧပြီ 2012
murdoch ဓာတ်ပုံ မူပိုင် BBC World Service
Image caption မားဒေါ့ စွပ်စွဲချက်တွေ ငြင်းဆို

ကမ္ဘာကျော် မီဒီယာ ဂုရု ရူးပတ်မားဒေါ့က ယူကေထုတ် ဆန်း သတင်းစာ အပါအဝင် သူပိုင်တဲ့ သတင်းစာ တွေရဲ့ အရှိန် အဝါကို သုံးပြီး ဗြိတိသျှ အစိုးရဆီက မျက်နှာသာ ရအောင် လုပ်နေတယ်ဆိုတဲ့ ရမ်းသမ်း ပြောဆို နေတာတွေ အဆုံးသတ် စေချင်ပြီလို့ ယူကေက မီဒီယာ ကျင့်ဝတ် ဆိုင်ရာ စုံစမ်းရေး ကော်မရှင်မှာ ထွက်ဆို သွားပါတယ်။ သူဟာ စီးပွားရေး သက်သက်ကို စိတ်ဝင်စားတယ်ဆိုရင် စီးပွားရေး လုပ်ငန်းတွေကို မျက်နှာသာ ပေးလေ့ရှိတဲ့ ကွန်ဆာဗေးတစ် ပါတီကိုပဲ အစဉ် တစိုက် ထောက်ခံစရာ ရှိတယ်၊ ဒါပေမယ့် ၁၉၉၇ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ လေဘာပါတီကို ထောက်ခံခဲ့တာ အားလုံး အသိလို့ ရူးပတ် မားဒေါ့က ပြောပါတယ်။

ဒီအတောအတွင်းမှာ မားဒေါ့ ရှယ်ယာ အများဆုံး ပိုင်တဲ့ BSkyB ရုပ်သံလွှင့် ကုမ္ပဏီကို မားဒေါ့ရဲ့ နယူးစ် ကော်ပိုရေးရှင်းက ဝယ်ယူတဲ့ ကိစ္စမှာ မားဒေါ့ကို နောက်ကွယ်ကနေ ထောက်ခံမှု ပေးခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ ဗြိတိသျှ ယဉ်ကျေးမှု ဝန်ကြီး ဂျယ်ရမီ ဟန့်က သူ့ကိုယ် စွပ်စွဲ ပြောဆိုမှု တွေကို ခုခံ ကာကွယ် ပြောကြား ခဲ့ပါတယ်။