ပြင်သစ် ဆီးရီးယားကို သတိပေး

  • 26 ဧပြီ 2012
syria ဓာတ်ပုံ မူပိုင် Reuters
Image caption အပစ်မရပ်ရင် စစ်ရေး ဝင်စွက်ဖက်ဖို့ စဉ်းစားမယ်

ပြင်သစ် နိုင်ငံက ဆီးရီးယား အရေး သဘောထားက ပိုလို့ တင်းမာ လာပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး စီမံကိန်း မအောင်မြင်ရင် လုံခြုံရေး ကောင်စီ အနေနဲ့ ဆီးရီးယားကို စစ်ရေးအရ ဝင်စွက်ဖက်ဖို့ စဉ်းစားရ လိမ့်မယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အလန်ယပ်ပေက ပြောကြား ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှု တွေမှာ လူ ၂ဝ လောက် သေဆုံးပြီး ကုလ သမဂ္ဂ လေ့လာသူတွေ ရှေ့မှာတင် သတ်ဖြတ်မှုတွေ ရှိတယ်လို့ အတိုက်အခံ တွေက ဆိုပါတယ်။

ငြိမ်းချမ်းရေး အစီအစဉ် ရှိရက်နဲ့ အပစ်အခတ်တွေ ဆက်ဖြစ် နေတဲ့ အတွက် နောက်အပတ် ကုန်တဲ့အထိ အခြေအနေ တိုးတက် မလာရင် တပ်တွေ လွှတ်တဲ့ နည်းကို ကုလ သမဂ္ဂ အနေနဲ့ စဉ်းစားရလိမ့်မယ်လို့ သူက ဆိုပါတယ်။