ချားစ်တေလာ အမှု ဆီရီယား လီယွန်းမှာ ကြို

  • 27 ဧပြီ 2012
Sierra Leone
Image caption ကိုယ်လက် အင်္ဂါဖြတ်တောက်ခံရ ဆွေမျိုးတွေ ပျောက်ဆုံးသွား

လိုင်ဘေးရီးယား သမ္မတဟောင်း ချားလ်စ်တေလာကို ဆီရီယား လီယွန်း သူပုန်တွေကို ကူညီခဲ့မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်တာကို ပြည်တွင်းစစ် ကာလ သူပုန် နှိပ်စက်တာ ခံခဲ့ရသူတွေက ကြိုဆို ခဲ့ကြပါတယ်။

ကိုယ်လက် အင်္ဂါဖြတ်တောက်ခံရတာ ဆွေမျိုးတွေ ပျောက်ဆုံးသွားတာတွေကို ကြုံခဲ့ရသူ အများအပြားက တရားက ခုမှ စီရင်နိုင် တော့တယ်လို့ ဆိုကြပါတယ်။

မည်သူ တဦးတယောက်မှ ဥပဒေ အထက်မှာ မရှိကြောင်း ဒီဆုံးဖြတ်ချက်က ပြလိုက်တာပဲလို့ လူ့အခွင့်အရေး အဖွဲ့တွေ ကလည်း ဆိုပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း ဆီးရာလီယွန်း ပြည်တွင်းစစ် မှာ RUF သူပုန်အဖွဲ့ရဲ့ လူသတ် အဓမ္မကျင့်တာ လက်တွေ ဖြတ်ခဲ့တာ တွေဟာ နာမည်ဆိုးနဲ့ ကျော်စောခဲ့ပြီး မစ္စတာ တေလာ ကူညီ ထောက်ပံ့ခဲ့တဲ့ ကိစ္စတွေဟာ ရာဇဝတ်မှု မြောက်နေတယ်လို့ သည်ဟိတ်ဂ်မြို့ ကုလ သမဂ္ဂ တရားရုံး တရားသူကြီးက ပြောပါတယ်။