ပါကစ္စတန်ဝန်ကြီးချုပ် ဂီလာနီအမှု အယူခံဝင်မည်

  • 26 ဧပြီ 2012
Pakistan ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစ္စလမ်မာဘတ်မြို့က တရားရုံးချုပ်ကို ရောက်လာတဲ့ မစ္စတာ ဂီလာနီ

ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ် ရာဇာ ဂီလာနီကို တရားရုံး မထီမဲ့ မြင်ပြုမှုနဲ့ အပြစ်ရှိ ကြောင်း ဗဟို တရားရုံးရဲ့ ဆုံးဖြတ်ချက် အပေါ် အယူခံ တင်မယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ပါကစ္စတန် သမ္မတ အဇစ် အလီ ဇာဒါရီကို အဂတိ လိုက်စားမှုနဲ့ ဆွစ်ဇာလန် အာဏာပိုင် တွေကနေ အမှုဖွင့် နိုင်အောင် ဆွစ်ဇာလန် အာဏာပိုင်တွေဆီ စာရေးသား ပေးပို့ဖို့ တရားရုံး ကနေ မစ္စတာ ဂီလာနီကို ညွှန်ကြား ခဲ့ပါတယ်။

ဒါကို မလိုက်နာ တာဟာ တရားရုံးရဲ့ အမိန့်ကို မလေးမစား ပြုတယ်ဆိုပြီး တရားရုံးက သူ့မှာ အပြစ် ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် တရားသူကြီး တွေက သူ့ကို ဝန်ကြီးချုပ် ရာထူးကို ဆက်လက် ထမ်းဆောင်ခွင့် ပေးထားပါတယ်။

ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် နဝပ်ဇ် ရှာရစ်ဖ် ကတော့ မစ္စတာ ဂီလာနီ ဝန်ကြီးချုပ် အဖြစ် ဆက်လက် တာဝန် ထမ်းဆောင် နေတာဟာ ပါလီမန်ကို စော်ကားသလို ဖြစ်နေတယ်၊ ဒါကြောင့် နှုတ်ထွက်ပေးဖို့ တောင်းဆို ထားပါတယ်။