နောက်ဆုံး ရေးသားချိန် 26 ဧပြီလ 2012 - 16:34 GMT

ဧပြီ ၂၆ နိုင်ငံတကာ ဗီဒီယိုသတင်းလွှာ

မီဒီယာ ပလေးယား

လိုက်ဘေးရီးယားခေါင်းဆောင်ဟောင်း ချားစ်တေလာကို အပြစ်ရှိကြောင်း သည်ဟိတ်မြို့မှာရှိတဲ့ အထူးခုံရုံးတစ်ခုကနေ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ လူမဆန်စွာ ပြုမူတဲ့ ရာဇဝတ်မှု၊ လူသတ်မှု၊ အဓမ္မပြကျင့်မှု၊ အကြမ်းဖက်လုပ်ရပ်တွေကို ကူညီအားပေးခဲ့ကြောင်း တွေ့ရှိရတယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။

ရာထူးက ဖြုတ်ချခံရတဲ့ တရုတ်နိုင်ငံရေးသမား ဘို ရှီလိုင်ဟာ သမ္မတ ဟူဂျင်တောင် အပါအဝင် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်တွေအပေါ်သူလျှို လုပ်ခဲ့တယ်လို့ နယူးယောက်တိုင်းသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ် ရာဇာ ဂီလာနီကို တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ အပြစ်ရှိကြောင်း ဗဟိုတရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာကို အယူခံတင်မယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။