အမေဇုံကိုဖြတ် လမ်းဖောက်မယ့် အစီအစဉ် ဆန္ဒပြပြန်ပြီ

  • 28 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption La Paz ကို ဝေးဝေးလံလံ ချီတက် ဆန္ဒပြ

ဘိုလီးဗီးယား နိုင်ငံမှာ သူတို့ဒေသကို ဖြတ်ပြီး လမ်းဖောက်လုပ်မယ့် အစိုးရ စီမံကိန်းကို ဆန့်ကျင်တဲ့ အနေနဲ့ ဒေသခံ လူသုံးရာလောက်ဟာ ဝေးလံလှတဲ့ La Paz လာပက်ဇ်မြို့ကို ဒုတိယ အကြိမ် ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

ဒီလမ်းဖောက်မယ့် အစီအစဉ်က ဒေသန္တရရဲ့ သဘာဝ သစ်တောနဲ့ ရေဝေရေလဲကို ပျက်စီးစေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း အလားတူ ချီတက် ဆန္ဒပြမှု တခု လုပ်ခဲ့တာကြောင့် သမ္မတ အီဗို မိုရဲလ်စ်က ဒီစီမံကိန်းကို ဖျက်သိမ်းခဲ့တာပါ။

ဒါပေမယ့် တခြား ဒေသဆိုင်ရာ အဖွဲ့တွေက ဒီလမ်းဖောက်လုပ်မှုဟာ အမေဇုံ ဒေသက ဘိုလီးဗီးယား ပြည်သူတွေရဲ့ စီးပွားရေး တိုးတက်မှုကို အလွန်အမင်း အထောက်အကူ ဖြစ်စေတယ်လို့ ဆိုတာကြောင့် သမ္မတက ဒီစီမံကိန်းကို ပြန်အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ဒေသထဲက အဖွဲ့အစည်းတွေ အကုန်လုံး ဒီစီမံကိန်း အတွက် ဆန္ဒမဲ ပေး အဆုံးအဖြတ် ပြုကြဖို့ မစ္စတာ မိုရေးလ်စ်က ပြောပါတယ်။