Guinea Bissau မှာ ဖမ်းထားသူတွေ ပြန်လွတ်ပေး

  • 28 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ကားလို့စ် ဂေါ်မေးဇ် ဂျူနီယာ ပြန်လွတ်လာ

ဂီနီ ဘစ်ဆောင် မှာ အခုလ အစောပိုင်းတုန်းက အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ ထိပ်တန်း ခေါင်းဆောင် နှစ်ယောက်ကို အခုတော့ စစ်တပ်က ပြန်လွတ်ပေးလိုက်ပြီမို့ အိုင်ဗရီကိုးစ် နိုင်ငံကို ရောက်လာပါပြီ။

အဖမ်းခံ ခဲ့ရတဲ့သူ နှစ်ယောက်ကတော့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရှေ့က ပြေးနေတဲ့ Carlos Gomez Junior နဲ့ ကြားဖြတ် အစိုးရ သမ္မတ Raimundo Pereira တို့ ဖြစ်ပြီး သူတို့ကို အနောက်အာဖရိက နိုင်ငံများ အဖွဲ့ အီကိုဝက်စ်ရဲ့ လက်ရှိ ဥက္ကဌ အိုင်ဗရီကိုးစ် သမ္မတ Alassane Ouattara က အခု စနေ တနင်္ဂနွေမှာ လက်ခံ တွေ့ဆုံပါလိမ့်မယ်။

ဂီနီ ဘစ်ဆောင်မှာ စစ်တပ်က အရပ်သား လက်ထဲ အာဏာ မလွှဲပေးဘူး ဆိုရင် သူတို့ တပ်ဖွဲ့တွေ စေလွှတ်မယ်လို့ အီကိုဝက်စ် အဖွဲ့ကြီးက သတိပေးထားပါတယ်။

လာမယ့် တနှစ်အတွင်း အရပ်သား အစိုးရ လက်ထဲ အာဏာလွှဲပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက သဘောတူထားပြီးပြီလို့ သတင်းတွေ ရရှိပါတယ်။