နောက်ဆုံး ရေးသားချိန် 27 ဧပြီလ 2012 - 18:51 GMT

အိုလံပစ် အားကစား သတင်း

မီဒီယာ ပလေးယား

Olympics

လန်ဒန် အိုလံပစ် ပွဲတော်ကြီး စတင်ဖို့ ၁၃ ပတ်ပဲ လိုပါတော့တယ်။

အင်္ဂလန်နိုင်ငံက ဒီစက်ရုံထဲမှာတော့ အိုလံပစ်မှာ ထွန်းညှိမယ့် မီးတိုင်တွေ ထုတ်လုပ်နေပါတယ်။

အားကစားသမား၊ နာမည်ကျော် အနုပညာရှင်တွေနဲ့ တခြား အိုလံပစ် မီးတိုင်သယ်ယူဖို့ အရွေးချယ်ခံရသူ တွေအတွက် လိုအပ်တဲ့ မီးတိုင်ပေါင်း ၈၀၀၀ ကို အခုလို ထုတ်လုပ်နေတာပါ။

အိုလံပစ် စိတ်ဓါတ်ကို ကိုယ်စားပြုနိုင်မယ့် မီးတိုင်ကို ထုတ်လုပ်ခွင့်ရဖို့အတွက် မီးတိုင်ရဲ့ အလေးချိန် မီးတိုင်ဒီဇိုင်းတွေကို ပြိုင်ပွဲဝင်ကြရပြီး အကောင်းဆုံးကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

Danell Leyva ရဲ့ မိခင်ဟာ သူငယ်ငယ်လေးကတည်းက ကျူးဘားနိုင်ငံသားအဖြစ်က စွန့်လွှတ်ခဲ့ပါတယ်။

အခုနှစ်ပေါင်း တော်တော်များများ ကြာလာပြီးနောက်မှာ သူဟာ အမေရိကန်နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်သူ ဖြစ်လာပြီး အခုအိုလံပစ်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးဖို့ အလားအလာ ကောင်းတဲ့သူ ဖြစ်နေပါတယ်။

သူ့အမေရော အခုသူ့ရဲ့ နည်းပြဖြစ်လာတဲ့ သူ့ပထွေး ရောဟာ ကျူးဘား အမျိုးသား အားကစား အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

အားကစားသမားတွေက လေ့ကျင့်နေကြချိန်မှာပဲ အဆိုအကသမားတွေကလည်း ပြင်ဆင်နေကြပါပြီ။

ကင်ညာနိုင်ငံက ဟောဒီ အကအဖွဲ့ကတော့ ရှိတ်စပီးယားရဲ့ ဝင်ဆာရဲတိုက်က ဇနီးများ ဇာတ်လမ်းကို ကပြကြဖို့ ဇာတ်တိုက်နေပါတယ်။

သူတို့ဟာ လန်ဒန်မြို့က ဂလုပ်ဗ် ကဇာတ်ရုံမှာ ကပြနေကြတာပါ။ ရှိတ်စပီးယားရဲ့ ပြဇာတ် ၃၇ ပုဒ်ကို ဘာသာပေါင်း ၃၇ ဘာသာနဲ့ ကပြကြမယ့် အိုလံပစ် ဖျော်ဖြေမှုမှာ သူတို့လည်း အပါအဝင် ဖြစ်ပါတယ်။

မြန်ဆန်မှု သွက်လက်ငြင်သာမှု တိကျမှုတွေဟာ ဒီအိုလံပစ်ပွဲတွေမှာ အဓိက လိုအပ်မယ့် အရည်အချင်းတွေ ဖြစ်မှာပါ။

တခြားတဘက်မှာလည်း ဆေးဝါး အသုံးပြုပြီး ပြိုင်ပွဲဝင်တာတွေကို တားဆီးနိုင်အောင် လန်ဒန်အိုလံပစ် ဆေးဝါး ဓါတ်ခွဲခန်းက တားမြစ်ထားတဲ့ ဆေးအမျိုးပေါင်း ၂၄၀ ကျော်ကို ခြောက်ပတ်အတွင်းမှာ စမ်းသပ်မှုပေါင်း ခြောက်ထောင်ကျော် လုပ်ကြည့်ပြီးပါပြီ။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။