အမေရိကန် စီးပွားရေး တိုးတက်မှု နှေးကွေး

  • 28 ဧပြီ 2012
Image caption အမေရိကန် စတော့ခ် အိတ်စ်ချိန်း

ဒီနှစ် ပထမလေးလပတ်မှာ အမေရိကန် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေတယ် ဆိုတာကို အသစ် ထွက်လာတဲ့ ကိန်းဂဏန်းတွေက ပြနေပါတယ်။

အမေရိကန် ကုန်သွယ်ရေး ဌာနရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ နှစ်ကုန် လေးလပိုင်းမှာ ရှိခဲ့တဲ့ ၃ ရာခိုင်နှုန်း နဲ့စာရင် နှစ်စဉ် စီးပွားတိုးတက်မှု နှုန်းဟာ ၂.၂ ရာခိုင်နှုန်း ဘဲ ရှိတယ်လို့ ဆိုပါတယ်။

သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်မှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ သတင်းအားလုံးဟာ အရေးကြီးတယ် ၊ အခုနောက်ဆုံး ထွက်လာတဲ့ ကိန်းဂဏန်းတွေဟာ စိတ်ပျက်စရာ ကောင်းပြီး အခု စီးပွားရေး တိုးတက်မှုနှုန်းဟာ အမေရိကန် အလုပ်လက်မဲ့ ပြဿနာရဲ့ အကျိုးသက်ရောက်မှုကို ထိုက်သင့်သလောက် ကုစားနိုင်မှာ မဟုတ်ဘူးလို့ ဘီဘီစီ စီးပွားရေးရာ သတင်းထောက်က ပြောပါတယ်။