တရုတ်က တောင်ဆူဒန်ကို ငွေချေးဖို့ ကမ်းလှမ်း

  • 29 ဧပြီ 2012
sudan ဓာတ်ပုံ မူပိုင် AFP
Image caption အခြေခံ အဆောက်အအုံတွေ တည်ဆောက် သွားမယ့် တောင်ဆူဒန်

တရုတ်နိုင်ငံက တောင်ဆူဒန်မှာ လာမယ့် ၂ နှစ် အတွင်းမှာ အခြေခံ အဆောက်အအုံ တွေကို တည်ဆောက် သွားဖို့ အတွက် သုံးစွဲဖို့ ဒေါ်လာ သန်း ၈၀၀၀ ကို ချေးမယ်လို့ ကမ်းလှမ်း လာတဲ့ အကြောင်း တောင်ဆူဒန်က ပြောပါတယ်။

တကယ်လို့သာ ချေးဌား ဖြစ်သွားခဲ့ရင် ဒီ ပမာဏဟာ တောင်ဆူဒန်ရဲ့ နှစ်စဉ် အသုံး စားရိတ်ထက် ၂ ဆမက ပိုများသွား လိမ့်မှာ ဖြစ်ပါတယ်။

ဂျူဘား မြို့က အစိုးရ ပြောခွင့်ရသူ ရဲ့ အဆိုအရ ဒီငွေတွေကို လမ်းတံတား နဲ့ ဆက်သွယ်ရေး ကွန်ယက်တွေ၊ နောက်ပြီး စိုက်ပျိုးရေး ပိုင်းနဲ့ ရေအား လျှပ်စစ် စက်ရုံတွေ တည်ဆောက်ရာမှာ သုံးစွဲ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယ သမုဒ္ဒရာ ဆီကို သွယ်တန်းသွားမဲ့ ရေနံ ပိုက်လိုင်း တွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို တော့ ပြောကြား သွားခြင်းမရှိ ပါဘူး။

တရုတ်နိုင်ငံဟာ ဆူဒန်ဘက်က ထွက်တဲ့ ရေနံတွေကို အမြောက်အများ တင်သွင်းတဲ့ နိုင်ငံ ဖြစ်ပြီး ဆူဒန်နိုင်ငံနဲ့ ရော မနှစ်က လွတ်လပ်ရေး ရလာခဲ့တဲ့ တောင်ဆူဒန်နဲ့ပါ ဆက်ဆံရေး ကောင်းမွန်မှုကို ထိန်းသိမ်းသွား ဖို့ကို လိုလား နေတာ ဖြစ်ပါတယ်။