မက္ကဆီကိုက သတင်းထောက် သေဆုံးမှု ရဲတပ်ဖွဲ့ စုံစမ်းနေ

  • 30 ဧပြီ 2012
mexico_police
Image caption သတင်းထောက် သေဆုံးခဲ့ရာ နေအိမ်

မက္ကဆီကို နိုင်ငံ အနောက်ပိုင်းက ဗေရာခရုဇ် ပြည်နယ်မှာ သတင်းထောက် တယောက် သေဆုံး ခဲ့ရတာ နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေပါတယ်။

သတင်းထောက် ရက်ဂျီနာ မာတီနဇ် ကို ရှာလာပါ အရပ်က သူမနေထိုင်ရာ အိမ်မှာ ရိုက်နှက်၊ လည်ပင်းကို ညစ်ပြီး အသတ်ခံ ထားရတာ ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သူမဟာ ပရိုဆက်ဆို ခေါ် အပတ်စဉ်ထုတ် မဂ္ဂဇင်း တစောင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေးသားနေတာ ဖြစ်ပါတယ်။

မက္ကဆီကို နိုင်ငံဟာ သတင်းထောက် တွေအတွက် အန္တရာယ် အများဆုံး နိုင်ငံတွေ ထဲက တနိုင်ငံဖြစ်ပြီး ၂၀၀၆ ခုနှစ်က သမ္မတ ဖီလစ်ပေး ကလော်ဒါရွန် တက်လာခဲ့တဲ့ နောက်ပိုင်းမှာ အသတ်ခံ ခဲ့ရတဲ့ သတင်းထောက်ပေါင်း အယောက် ၄၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။