နိုင်ဂျီးရီးယား တက္ကသိုလ်တခုကို သေနတ်သမားတွေ တိုက်ခိုက်

  • 30 ဧပြီ 2012
negeria ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ဂျီးရီးယားမှာ လုံခြုံရေးတွေ ချထား

နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်းက အကြီးဆုံး မြို့ကြီးတမြို့ဖြစ်တဲ့ကာနိုမြို့မှာ သေနတ်သမား တွေက တက္ကသိုလ် တခုကို တိုက်ခိုက် ခဲ့ကြ ပါတယ်။

ဒီတိုက်ခိုက်မှု ကြောင့် လူပေါင်း ၁၆ ဉီး သေဆုံးခဲ့ရပြီး အများအပြားလည်း ဒဏ်ရာ ရရှိသွားကာ အဲဒီ ဒဏ်ရာရသူ တွေထဲက ၆ ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွား ခဲ့ပါတယ်။

ဒီဘေယာနို တက္ကသိုလ် ဝင်းထဲက ဘုရားကျောင်းထဲမှာ ဝတ်ပြု ဆုတောင်းနေကြစဉ် မှာလက်ပစ်ဗုံးတွေ ကို ပစ်သွင်းလို့ တိုက်ခိုက် ခဲ့ကြတာလို့ မျက်မြင်သက်သေ တွေက ပြောပါတယ်။ ဘုရားကျောင်း တက်လာသူတွေ ထွက်ပြေးကြတဲ့ အခါမှာ သေနတ်တွေနဲ့ ပစ်ခတ်ပြီး အဲဒီကနေ ထွက်သွား ခဲ့ကြတယ်လို့ လဲ ပြောပါတယ်။

ဒီသေနတ်သမား တွေဟာ မော်တော် ဆိုင်ကယ်လ် တွေနဲ့ ထွက်ပြေး သွားခဲ့ကြတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရသူ ကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါလီ လ အတွင်းမှာ အဲဒီ ကာနို ပြည်နယ်ထဲမှာ အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့ရဲ့ တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၁၈၅ ဉီးထက်မနည်း သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။