ကုလစောင့်ကြည့်ရေး အကြီးအကဲ ဆီးရီးယားရောက်

  • 30 ဧပြီ 2012
syria ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာသူများ

ဆီးရီးယား နိုင်ငံမှာ ချထားတဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာသူတွေရဲ့ အကြီးအကဲဟာ ရှေ့လုပ်ငန်းစဉ် တွေကို ကိုင်တွယ် ဆောင်ရွက် နိုင်ဖို့အတွက် ဆီးရီးယား ကိုရောက်ရှိ လာပါတယ်။

နော်ဝေး စစ်တပ်က ဗိုလ်ချုပ် ရောဘတ် မုဒ် နဲ့ ဆီးရီးယား မှာ ရောက်ရှိနေပြီး ဖြစ်တဲ့ လက်နက် မကိုင်ဆောင်ကြတဲ့ စစ်ဘက် စောင့်ကြည့် လေ့လာသူ ၃၀ ဟာ သတင်းပတ် ၃ ပတ်ထဲကို ရောက်နေပြီ ဖြစ်တဲ့ မခိုင်မာသေးတဲ့ အပစ်ရပ်ဆဲ မှုတွေကို ဆက်လက် စောင့်ကြည့် သွားကြမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆီးရီးယားမှာ လေ့လာစောင့်ကြည့်သူ ၃၀၀ အထိ ချထားဖို့ အတည်ပြုထား ပြီးဖြစ်ပါတယ်။