မောင်းသူမဲ့ ယာဉ်တွေနဲ့ တိုက်ခိုက်မှု အကျုံးဝင်တယ်

  • 30 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာအကြံပေး အရာရှိ John Brennan

အကြမ်းဖက်သမားလို့ ယူဆရသူတွေကို အမေရိကန်က မောင်းသူမဲ့ တိုက်လေယာဉ်တွေ သုံးပြီး တိုက်ခိုက်ချေမှုန်း ခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြံပေး အရာရှိ ဂျွန်ဘရန်နန်က အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အာဖဂန် နစ္စတန် ၊ ပါကစ္စတန်နဲ့ ယီမင်မှာ ရာနဲ့ချီတဲ့ စစ်သွေးကြွ တွေကို တိုက်ခိုက် သတ်ဖြတ်နိုင်ခဲ့တယ်လို့ ယူဆရတဲ့ အဲဒီ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အယ်ကိုင်းဒါးတွေကို အနိုင်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ဘီရန်နန်က ဝါရှင်တန်မှာ မိန့်ခွန်းပြောရာမှာ ဆိုသွားခဲ့ပါတယ်။

နည်းပရိယာယ် ကြွယ်ဝတဲ့ ဒီတိုက်ခိုက်မှုတွေဟာ ဥပဒေနဲ့ အကျုံးဝင်တယ် ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီပြီး အဲလို တိုက်ခိုက်ဖို့ လိုကို လိုအပ်တယ်လို့ သူက ပြောပါတယ်။

အဲဒီလို သူပြောနေချိန်မှာ ဆန္ဒပြသူ တယောက်က သူ့ကို "Shame on you" အရှက်မရှိတဲ့လူ လို့ အော်ဟစ် ဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။