ချန်ဂွမ်ချန်း ကိစ္စ ဝေဖန်ချက်ပေးဖို့ အိုဘားမား ငြင်းဆို

  • 30 ဧပြီ 2012
Image caption မျက်မမြင် အစိုးရ ဆန့်ကျင်ရေး သမားChen Guangcheng

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရုတ်နိုင်ငံမှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်သွားတဲ့ အစိုးရ ဆန့်ကျင်ရေး သမား Chen Guangcheng ကိစ္စနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

မစ္စတာ ချန် သတင်းနဲ့ ပတ်သက်လို့ သူသတိထားမိ ပေးမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မထုတ်ပြန်လိုဘူးလို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။

တရုတ် အစိုးရ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူတွေ ကတော့ မစ္စတာ ချန်ဟာ ဘေဂျင်းမြို့က အမေရိကန် သံရုံးထဲကို ဝင်ရောက် ခိုလှုံသွားပြီလို့ ဆိုပေမယ့် ဒါနဲ့ ပတ်သက်လို့ အတည်ပြုချက် ထွက်မလာသေးပါဘူး။

ဒီကိစ္စဟာ အခုသီတင်းပတ်မှာ တရုတ်နိုင်ငံကို သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် အပေါ် လွှမ်းမိုးသွားလိမ့်မယ် လို့ ဆိုပါတယ်။