ဘိုလစ်ဗီးယားမှာ စပိန် ကုမ္ပဏီ အသိမ်းခံရ

  • 2 မေ 2012
bolivia ဓာတ်ပုံ မူပိုင် AFP
Image caption စပိန် လုပ်ငန်း ပိုင်ဆိုင်မှုကို လက်လွှဲယူဖို့ အမိန့်ထုတ်

ဘိုလစ်ဗီးယား သမ္မတ အီဗို မိုရယ်လ်စ်က စပိန်ပိုင် လျှပ်စစ် ကုမ္ပဏီ တခုကို ပြည်သူပိုင် သိမ်းလိုက်ပါတယ်။

ဘိုလစ်ဗီးယားရဲ့ စွမ်းအင် ထုတ်လုပ်မှု ၄ ပုံ ၃ ပုံလောက်ကို ပိုင်ဆိုင် လည်ပတ်နေတဲ့ ရီးဆိုတဲ့ စပိန် လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုတွေကို လက်လွှဲယူဖို့ စစ်တပ်ကို မစ္စတာ မိုရယ်လ်စ်က အမိန့်ထုတ် ခဲ့ပါတယ်

ဘိုလစ်ဗီးယား နိုင်ငံမှာ လုံလောက်အောင် ရင်းနှီးမြှုပ်နှံမှု မပြုတဲ့ အတွက် ဒီကုမ္ပဏီကို သိမ်းတယ်လို့ သမ္မတ ကဆိုပါတယ်။

စပိန်ပိုင် YPF ရေနံ ကုမ္ပဏီကို ရင်းနှီး မြှုပ်နှံမှု လစ်ဟင်းမှုနဲ့ အာဂျင်တီးနားက သိမ်းယူ လိုက်ပြီးနောက် ရက်သတ္တပတ် အတွင်းမှာပဲ ဒီလို ပြည်သူပိုင် သိမ်းခဲ့တာပါ။