ဆာယိဖ် အစ္စလာမ်ကို လစ်ဗျား ထုတ်မပေးနိုင်

  • 2 မေ 2012
Saif Al-Islam ဓာတ်ပုံ မူပိုင် BBC World Service
Image caption လစ်ဗျား ပိုင်နက်မြေမှာပဲ တရားစွဲ မယ်

ဗိုလ်မှူးကြီး ဂဒါဖီရဲ့သား ဆာယိဖ် အယ်လ် အစ္စလာမ်ကို စစ်ရာဇဝတ်မှု တွေအတွက် နိုင်ငံတကာ ရာဇဝတ် ခုံရုံး တင်ဖို့ ကြိုးစား တာကို လစ်ဗျား အစိုးရက တရားဝင် ကန့်ကွက် ခဲ့ပါတယ်။

လစ်ဗျား ပိုင်နက် မြေမှာပဲ တရားစွဲ သင့်တယ်လို့ လစ်ဗျား ဘက်က ခုံရုံးကို စောဒက တက်ပါတယ်။

လစ်ဗျား ပြည်တွင်းစစ် အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေအတွက် ကုလသမဂ္ဂက အခွင့်အာဏာ လွှဲပေးထားတဲ့ ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးက တရားစွဲမှာ ဖြစ်လို့ ဆာယိဖ် အယ်လ် အစ္စလာမ်ကို လူသတ်မှု၊ အရပ်သားတွေကို ညှဉ်းပန်းမှုတွေနဲ့ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။