မာလီမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်

Mali ဓာတ်ပုံ မူပိုင် BBC World Service
Image caption မာလီက အာဏာသိမ်းအစိုးရက အခြေအနေကို ထိန်းထားနိုင်တယ်လို့ ကြေငြာ

အနောက်အာဖရိကမှာရှိတဲ့ မာလီနိုင်ငံ မြို့တော် ဘန်မာကို မှာ တနင်္လာနေ့ညက ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် မတည်မငြိမ်ဖြစ်နေသလို ဒုတိယနေ့အဖြစ် အင်္ဂါဒီနေ့မှာလည်း ဆက်လက် တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။

အုပ်စုနှစ်ခု ကွဲနေတဲ့ အစိုးရ စစ်သားတွေကြား ပစ်ခတ်မှုတွေ ဖြစ်လို့ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သတင်းငါးပတ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဘက်က ပြောတာကတော့ အာဏာသိမ်းခံရတဲ့ သမ္မတ အမာဒေါင် တိုမာတီ တိုးရဲ့ တပ်တွေက အာဏာပြန်ရယူဖို့ ကြိုးစားတာကို သူတို့ဘက်က ချေဖျက် တိုက်ခိုက် နိုင်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲဟာ အသံလွှင့်ရုံအနီးမှာ ဖြစ်တာမို့ ညပိုင်း သတင်းအစီအစဉ်ကိုတော့ မထုတ်လွှင့် နိုင်ခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ကြီး အမာဒေါင် ဟေယာ ဆန်နိုဂို ကတော့ အခြေအနေကို သူ့ဘက်ကနေ ထိန်းထားနိုင်ပြီလို့ ပြောပါတယ်။

အာဏာသိမ်းခံရတဲ့ သမ္မတကို ထောက်ခံတဲ့ တပ်တွေဟာ မြို့တော်က လေဆိပ်ကို သိမ်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အနောက် အာဖရိက နိုင်ငံတွေနဲ့ စုစည်း ဖွဲ့ထားတဲ့ ECOWAS အဖွဲ့ကတော့ အရပ်သားအုပ်ချုပ်ရေးဆီ ပြန်သွားနိုင်အောင် လုပ်ဆောင်ဖို့ အာဏာသိမ်း စစ်တပ်ကို ပန်ကြားထားပါတယ်။