နောက်ဆုံး ရေးသားချိန် 1 မေလ 2012 - 18:31 GMT

မေဒေးနေ့ နိုင်ငံတကာ ဗီဒီယို သတင်းလွှာ

မီဒီယာ ပလေးယား

ပြင်သစ်နိုင်ငံမှာ မေဒေးနေ့ ချီတက်ပွဲမှာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်နေကြပါတယ်။ တနင်းဂနွေနေ့မှာ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ လက်ယာခေါင်းဆောင် မရီးန် လီပင်း ကတော့ ပြင်သစ် အာဇာနည်း ဂျုံးန်အော့်ဖ် အာ့ခ် ရုပ်တုမှာ ပန်းခွေချခဲ့ပြီး လူထုကို ဟောပြောခဲ့ပါတယ်။

သမ္မတအိုဘားမားရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြံပေး ဂျွန် ဘရန်နန် က အကြမ်းဖက်သမား သံသယရှိသူတွေကို မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်တာဟာ တရားဥပဒေနဲ့ ညီတယ်၊ ကျင့်ဝတ်သိက္ခာနဲ့လည်း ညီညွတ်ပြီး လိုလည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အပြစ်မဲ့ အရပ်သားတွေ တခါတလေ သေဆုံးတယ်ဆိုတာတော့ သူကဝန်ခံပါတယ်။ သူစကားပြောစဉ်ကန့်ကွက်သူတွေ ကြားဖြတ်အော်ဟစ်တာမျိုးရှိခဲ့ပါတယ်။

အနောက်အာဖရိကတိုက် မာလီနိုင်ငံမှာ ပြီးခဲ့တဲ့ ငါးပတ်က အာဏာသိမ်းမှုတွေဖြစ်ပွားခဲ့ပြီးနောက် မြို့တော် ဘာမာကို မှာ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့သလို အခြေအနေတွေ ရှုပ်ထွေးနေပါတယ်။ သမ္မတဟောင်းရဲ့ တပ်ဖွဲ့တွေက ပြန်လည် အာဏာသိမ်းဖို့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။