ချန်ဂွမ်ချန်းကို အစိုးရ ခြိမ်းခြောက်သလား

  • 3 မေ 2012
Chen Guangcheng ဓာတ်ပုံ မူပိုင် AFP
Image caption သူဆက်ခိုလှုံနေရင် မိသားစု အန္တရာယ်ရှိ

တရုတ် နိုင်ငံရေး လှုပ်ရှားသူ ချန်ဂွမ်ချန်းက သူ့မိသားစု အတွက် အန္တရာယ် ရှိလို့ သူ ခိုလှုံ နေတဲ့ အမေရိကန် သံရုံးက ထွက်သွားခဲ့တာလို့ ဆိုပါတယ်။

သံရုံးထဲမှာ သူဆက်ခိုလှုံနေရင် သူ့မိန်းမကို သတ်ပစ်မယ်လို့ အမေရိကန် သံ အရာရှိ တယောက် က တဆင့် ခြိမ်းခြောက် ခံရတယ်လို့ မစ္စတာ ချန်က ပြောဆိုကြောင်း သိရပါတယ်။

ဒါပေမယ့် ဘယ်အမေရိကန် အရာရှိကမှ သူ့ကို တရုတ်ဘက်က ခြိမ်းခြောက်တဲ့အကြောင်း မပြောပါဘူး၊ မစ္စတာ ချန် သူ့လုံခြုံရေး အတွက် အာမခံချက် ရပြီးနောက် သူ့ဘာသာ သံရုံးက ထွက်သွားတာပါ လို့ အမေရိကန်ဘက်က ငြင်းဆိုပါတယ်။

တရုတ် နိုင်ငံက အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တယ်လို့ လည်း စွပ်စွဲလိုက် ပါတယ်။