ပြင်သစ် သမ္မတလောင်းတွေ စကားစစ်ထိုး

Nicolas Sarkozy ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြင်သစ်ပြည် ပြဿနာ တွေအတွက် အပြစ်ပုံချ ခံရတယ်

တနင်္ဂနွေနေ့ ဒုတိယကျော့ မဲပေးပွဲ မတိုင်ခင် ရုပ်သံ စကားဝိုင်းမှာ ပြင်သစ် သမ္မတလောင်း ၂ ယောက် လူလိမ် လူညာလို့ အပြန်အလှန် စွပ်စွဲ ခဲ့ကြပါတယ်။

၃ နာရီကြာ စကား စစ်ထိုးပွဲမှာ ပြင်သစ် စီးပွားရေး အကြောင်း အဓိကထား ဆွေးနွေးရင်း တခါတလေ ကတောက်ကဆ ဖြစ်ကြပါတယ်။

သမ္မတ ဆာကိုဇီက ပြင်သစ်ပြည် ပြဿနာ တွေအတွက် သူ့ကို မညှာမတာ အပြစ်ပုံချတာ ခံရတယ်လို့ ဆိုပါတယ်။

သူ့ပြိုင်ဘက် ဆိုရှယ်လစ် သမ္မတလောင်း ဖရန်ဆွာ အော်လန်းကိုတော့ သူများ အသရေ ဖျက်တဲ့သူလို့ တချက်မှာ ဝင်နှက် လိုက်ပါတယ်။

မစ္စတာ အော်လန်းက သူသာ သမ္မတ ဖြစ်ရင် ဘဏ္ဍာရေးနဲ့ လူမှု ညီမျှရေး အတွက် လုံးပန်းသွားမယ်လို့ ဆိုပါတယ်။