အီရတ် ဒုသမ္မတ အမှု ရက်ရွှေ့

  • 3 မေ 2012
Hashmei ဓာတ်ပုံ မူပိုင် no credit
Image caption မစ္စတာ ဟာရှ်မီ ဟာ တူရကီမှာ ရောက် ရှိနေ

အီရတ် ဒုတိယ သမ္မတ တာရက် အယ်လ် ဟာရှ်မီ (Tareq al-Hashmei) ကို လက်မရွံ့ သုတ်သင်ရေး အဖွဲ့တွေ ဖွဲ့စည်း အသုံးပြု မှုနဲ့ သူ့ကွယ်ရာမှာ တရား စီရင်မယ့် အစီအစဉ် ကို နောက် တပတ် အထိ ရွှေ့ဆိုင်း လိုက်ပါတယ်။

သူ့ ရှေ့နေ တွေက ဒီအမှုကို ကြားနာဖို့ အတွက် အထူး တရားရုံး ဖွဲ့ပေးဖို့ ပါလီမန် မှာ တောင်းဆို ထားပါတယ်။

ဆွန်နီ ထိပ်တန်း နိုင်ငံရေး သမား ဖြစ်တဲ့ မစ္စတာ ဟာရှ်မီ ကတော့ ဒီအမှု မှာ နိုင်ငံရေး ပယောဂ ပါနေတယ် လို့ ပြောပါတယ်။

သူ့ကို ဖမ်းဆီးဖို့ အတွက် သမ္မတ နိုရီ အယ်လ် မာလီကီ က မနှစ် တုန်းက ဝရမ်း ထုတ်ခဲ့ တာကြောင့် ဘာသာရေး အုပ်စု ကွဲပြားမှု ကို အခြေခံ တဲ့ ပဋိပက္ခ တွေ ထပ်ဖြစ် လာမှာကို စိုးရိမ်မှု တွေ တိုးပွား ခဲ့ ပါတယ်။

မစ္စတာ ဟာရှ်မီ ဟာ ပထမတော့ ကာဒစ္စတန် ကို ထွက်ပြေး ခဲ့ပြီး အခု အခါမှာ တော့ တူရကီ နိုင်ငံမှာ ရောက်ရှိ နေပါတယ်။