NATO ဒုံးလက်နက် ကာကွယ်ရေး ရုရှနဲ့ ညှိလို့ မရ

  • 3 မေ 2012
missile defence
Image caption ဒုံးလက်နက် ကာကွယ်ရေး စံနစ်ကို စိုးရိမ် စရာ မလိုဘူး လို့ NATO ကဆို

Nato မြောက် အတ္တလန်တိတ် စာချုပ် အဖွဲ့က ဥရောပ ကို ကာကွယ်ဖို့ ဒုံးလက်နက် ကာကွယ်ရေး စံနစ် ကွန်ယက် ဖြန့်ချ ထားမှုနဲ့ ပတ်သက်ပြီး အငြင်းပွား နေတာ ကို ဖြေရှင်းဖို့ ကြိုးပမ်းမှု တွေဟာ အခုတော့ လမ်းဆုံး တော့မယ့် အနေအထား ဖြစ်နေပြီ လို့ ရုရှ ကာကွယ်ရေး ဝန်ကြီး Anatoly Serdyukov က ပြောပါတယ်။

ရုရှ နိုင်ငံ ဟာ ဒုံးလက်နက် ကာကွယ်ရေး ဆိုင်ရာ နိုင်ငံ တကာ ညီလာခံ တခုကို လက်ခံ ကျင်းပ နေပြီး သူ့နိုင်ငံ အနေနဲ့ NATO ကာကွယ်ရေး စံနစ်ရဲ့ အစိတ် အပိုင်း တခုခု ကို လက်ဦးမှု ရယူပြီး တိုက်ခိုက် နိုင်တယ်လို့ သတိပေး လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ကတော့ သူတို့ရဲ့ ဒုံးလက်နက် ချထားမှု ဟာ အီရန်လို နိုင်ငံမျိုး ကနေ ဒုံးပျံ လက်နက် တွေနဲ့ ပစ်ခတ် တိုက်ခိုက် မှာကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ပြောထား ပါတယ်။

ဒီ ကာကွယ်ရေး စံနစ်ဟာ ရုရှ အပေါ် ခြိမ်းခြောက်မှု မဟုတ်တာ ကြောင့် ဒါနဲ့ ပတ်သက်ပြီး စိုးရိမ် တာဟာ မှားယွင်း တဲ့ ယူဆချက် သာ ဖြစ်တယ် လို့ NATO အဖွဲ့ရဲ့ အဆင့်မြင့် အရာရှိ တဉီး ဖြစ်တဲ့ Alexander Vershbow က ပြောပါတယ်။