ချန်ဂွမ်ချန်း အမေရိကန်မှာ ပညာသင်ခွင့်ရ

  • 4 မေ 2012
ဓာတ်ပုံ မူပိုင် Getty
Image caption တရုတ်ပြည်မှာပဲ နေချင်တယ်လို့ ပြောပြီးမှ ချန်ဂွမ်ချန်း စိတ်ပြောင်းသွား

တရုတ်မျက်မမြင် အတိုက်အခံရှေ့နေ ချန်ဂွမ်ချန်း ကိစ္စနဲ့ ပတ်သက်လို့ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံအကြား အချင်းများနေမှုကို ဖြေရှင်းရာ မှာ တိုးတက် ဖြစ်ထွန်းမှု ရှိခဲ့တယ်လို့ တရုတ် နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ပြောပါ တယ်။

ချန်ဂွမ်ချန်း ပြည်ပမှာ သွားရောက် ပညာသင်ခွင့် လျှောက်ထားနိုင်တယ်လို့ တရုတ် အစိုးရက ပြောဆိုခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဌာန ကလည်း ချန်ဂွမ်ချန်း ကို အမေရိကန် တက္ကသိုလ်တခုမှာ ပညာသင်ခွင့် ကမ်းလှမ်းထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ချန်ဂွမ်ချန်းကို ခရီးသွားလာဖို့ စာရွက်စာတမ်းတွေ မကြာခင် ထုတ်ပေးမယ်လို့ ယူဆ ရကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ချန်ဂွမ်ချန်းက သူအမေရိကန် သံရုံးထဲ ဝင် ခိုလှုံခဲ့အပြီးမှာ ဘေဂျင်း ဆေးရုံတခုမှာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။

လအတန်ကြာ နေအိမ် အကျယ်ချုပ် ကျခံနေခဲ့ရာကနေ ချန်ဂွမ်ချန်း ထွက်ပြေး လွတ်မြောက် သွားခဲ့ပြီး အမေရိကန် သံရုံးထဲ ဝင် ခိုလှုံခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ ဒိုင် ဘင်ဂူအို ကတော့ လူ့အခွင့်အရေး ဆိုတဲ့ အချက်ကို အလွဲသုံးစားလုပ်ပြီး တရုတ် ပြည်တွင်းရေးကို ဝင် မစွက်သင့်ဘူးလို့ ပြောပါတယ်။