စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု စီစဉ်ပေးခဲ့သူကို ရုံးတင်ပြီ

  • 6 မေ 2012
_khalid_sheikh_mohammed_ ဓာတ်ပုံ မူပိုင် AFP
Image caption ခါလစ် ရှိခ် မိုဟာမက်ကို ရုံးတင်နေစဉ်

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ကြီးကို နောက်ကွယ်က ကြိုးကိုင် ခဲ့တယ်လို့ စွပ်စွဲ ခံထားရသူကို ဂွမ်တာနာမိုဘေးက စစ်ခုံရုံးမှာ ရုံးတင် စစ်ဆေး နေပါတယ်။

ဒီလို စစ်ဆေးရာမှာ စွပ်စွဲခံ ထားရသူက တရားသူကြီး တွေက သူ့ကို မေးလာတဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ ငြင်းဆန် ခဲ့ပါတယ်။

ခါလစ် ရှိခ် မိုဟာမက် နဲ့ နောက်ထပ် လူ ၄ ယောက် ကို လေယာဉ် ပြန်ပေးဆွဲမှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြင် နယူးယောက် မြို့နဲ့ ဝါရှင်တန် မြို့တို့မှာ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က လူပေါင်း ၃၀၀၀ နီးပါးလောက်ကို သတ်ဖြတ်ခဲ့မှု တွေနဲ့ စွဲချက် တင်ထားတာ ဖြစ်ပါတယ်။

ခါလစ် ရှိခ် မိုဟာမက် ရဲ့ ရှေ့နေကတော့ သူ့ကို ဖမ်းဆီး ထားစဉ်က နှိပ်စက် ခဲ့တာ တွေကို မကျေနပ်တဲ့ အတွက် ကြောင့်နဲ့ ဒီ ခုံရုံးဟာ တရားမျှတမှု မရှိဘူးလို့ ယူဆတဲ့ အတွက် အခုလို တရားသူကြီး တွေရဲ့ မေးမြန်းချက် တွေကို နားထောင် ဖြေဆိုဖို့ ငြင်းဆန် ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ပဲန်တဂွန် စစ်ဌာနချုပ် ကတော့ သူဟာ အဲလ်ခိုင်းဒါး အတွက် တိုက်ခိုက်မှုတွေ လုပ်နိုင်အောင် စီစဉ် ပေးခဲ့တာကို ဝန်ခံခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။