သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှု အဆုံးသတ်လိုက်ပြီ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လက်ရှိ သမ္မတ Nicolas Sarkozy

ပြင်သစ်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြိုင်ဖက် ကိုယ်စားလှယ်လောင်း နှစ်ယောက်က နောက်ဆုံး မိန့်ခွန်းတွေ ပြောပြီး မဲဆွယ် စည်းရုံးမှုတွေကို အဆုံးသတ်လိုက်ပါပြီ။

လက်ရှိ သမ္မတလည်းဖြစ် ဗဟို လက်ယာယိမ်း ဝါဒီ Nicolas Sarkozy ကတော့ ဘယ်သူ့ကိုမှ မထောက်ခံဘဲ နေကြတဲ့ မဲဆန္ဒရှင် အများစုက သူ့ကို ဆက်ပြီး သနားကြင်နာမဲ ပေးလို့ အနိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ပြိုင်ဖက် ဆိုရှယ်လစ် ဝါဒီ Francois Hollande ကလည်း ဥရောပ သမဂ္ဂရဲ့ ခြိုးချန် ချွေတာရေး အစီအစဉ်တွေကို ဆန့်ကျင်တိုက်ခိုက်ရအောင် သူ့ကို ရှင်းလင်း ပြတ်သားစွာ လုပ်ခွင့်ပေးပါလို့ မဲဆန္ဒရှင်တွေကို တိုက်တွန်း လိုက်ပါတယ်။

ပြင်သစ်မှာ စိတ်လှုပ်ရှားဖွယ် ၊ အပြင်းအထန် မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ ပြီးတဲ့နောက် လာမယ့် တနင်္ဂနွေနေ့မှာ သမ္မတ ရွေးကောက်ပွဲ မကျင်းပခင် ကြားမှာ လူထုဟာ နိုင်ငံရေး မိန့်ခွန်းတွေ ၊ ကနဉီး စစ်တမ်း ကောက်ယူမှုတွေ ကနေ ခေတ္တ အနားရသွားကြပြီ ဖြစ်ပါတယ်။