မက္ကဆီကိုက သတ်ဖြတ်မှု အလောင်းတွေ မြင်မကောင်း

  • 5 မေ 2012
Image caption အကြမ်းဖက်မှုတွေ ဖြစ်ပွားရာ မက္ကဆီကို

အမေရိကန်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မက္ကဆီကိုနိုင်ငံရဲ့ မြို့တမြို့ ဖြစ်တဲ့ Nuevo Laredo မှာ အနည်းဆုံး လူ ၂၃ယောက်ကို သတ်ဖြတ်ထားတဲ့ အလောင်းတွေ မြင်မကောင်းလောက်အောင် တွေ့ရပါတယ်။

အဲဒီအထဲက အလောင်းကိုးလောင်းမှာ နှိပ်စက်ထားတဲ့ လက္ခဏာတွေ တွေ့ရပြီး တံတားတခုမှာ ချိတ်ဆွဲ ထားတာ ဖြစ်ပါတယ်။

အဲဒီနောက် နာရီပိုင်းအကြာမှာ ခေါင်းဖြတ်ထားတဲ့ အလောင်း ၁၄လောင်းကို ကားတစင်းပေါ်မှာ တွေ့ရတာ သလို ဖြတ်ထားတဲ့ ခေါင်းတွေ ထည့်ထားတဲ့ ရေခဲဗူးတွေကိုလည်း မြို့တော်ဝန်ရုံးရဲ့ အပြင်ဖက်မှာ လာပစ်ထားပါတယ်။

နွေပိုလာရေးဒိုးမြို့ဟာ မက္ကဆီကို က မူးယစ်ဂိုဏ်းကြီး နှစ်ခုကြား ရန်စောင် ပဋိပက္ခတွေ ဖြစ်ပွားရာ နေရာ ဖြစ်နေပြီး အဲဒီ ဂိုဏ်းတွေဟာ အမေရိကန် နိုင်ငံထဲကို မူးယစ်ဆေးဝါး ခိုးထုတ် တင်ပို့နေတဲ့ လမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။