သမ္မတ အိုဘားမား မဲဆွယ်ပွဲတွေ စပြီ

  • 6 မေ 2012
obama
Image caption မဲဆွယ်စည်းရုံးနေတဲ့ သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားကတော့ ဒုတိယ သက်တမ်း ပြန်လည် အရွေးခံ နိုင်ရေး အတွက် မဲဆွယ်စည်းရုံးခြင်းတွေကို အိုဟိုင်းယိုးပြည်နယ် မှာလူထု စည်းဝေးပွဲကြီး နဲ့ စတင် လိုက်ပြီ ဖြစ် ပါတယ်။

ဒီ အိုဟိုင်းယိုး ပြည်နယ်ဟာ သမ္မတ ရွေးကောက်ပွဲရဲ့ ရလဒ် အပေါ်မှာ အလွန် အရေးပါတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

ဒီ စည်းဝေး ပွဲကို တက်လာ ကြတဲ့ လူထုကြီးကို သမ္မတ အိုဘားမားက အမေရိကန် ပြည်ထောင်စုဟာ စီးပွားရေး ကျဆင်းမှု တွေကနေ သူ့ဉီးဆောင်မှု အောက်မှာ ပြန်လည် တိုးတက်လာ နေပြီ ဖြစ်တယ်လို့ ဆိုလိုက်ပြီး အဲဒီကနေ နောက်ပြန်မလှည့်သင့်ဘူးလို့လည်း ဆိုလိုက် ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ ရီပတ်ပလစ်ကန် တွေဘက်က မစ်ရွန်မနီ ကတော့ ဒါတွေကို နောက်ပြန်လှည့် သွားအောင် လုပ်လိမ့်မယ် လို့ဆိုပြီး ဝေဖန်လိုက်ပါတယ်။

ဒီကပြီးရင်တော့ မစ္စတာ အိုဘားမား ဟာ နောက်ထပ် အရေးကြီးတဲ့ ပြည်နယ်တခု ဖြစ်တဲ့ ဗာဂျင်းနီးယား ပြည်နယ်မှာ နောက်ထပ် လူထု စည်းဝေးပွဲကြီး လုပ်မှာ ဖြစ်ပါတယ်။