စက်တင်ဘာ ၁၁ တိုက်ခိုက်မှု စီစဉ်သူကို ရုံးထုတ်

  • 5 မေ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption စစ်ခုံရုံးမှာ တရားစွဲဖို့အတွက် အခု အကြိမ်ဟာ ဒုတိယမြောက် ကြိုးပမ်းချက် ဖြစ်ပါတယ်

အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကို စီစဉ်ခဲ့သူလို့ စွပ်စွဲခံ ထားရတဲ့ ခါလစ် ရှိတ်ခ် မိုဟာမတ်ကို ဂွမ်တာနမို အကျဉ်းစခန်းမှာ စနေနေ့မှာ တရားဝင် စွဲချက် တင်ခဲ့ပြီ ဖြစ်ပါတယ်။

သူ့ကို စစ်ခုံရုံးမှာ တရားစွဲဖို့အတွက် အခု အကြိမ်ဟာ ဒုတိယမြောက် ကြိုးပမ်းချက် ဖြစ်ပါတယ်။

ပထမအကြိမ် ရုံးထုတ်တုန်းကတော့ ခါလစ် ရှိတ်ခ် မိုဟာမတ်က သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံဖို့ ရည်ရွယ်ထားပါတယ်လို့ ပြောကြားခဲ့ ပါတယ်။

ဒါပေမယ့်လည်း အဲဒီတုန်းက သမ္မတ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ သူ့အမှုကို ဆိုင်းငံ့ ထားခဲ့တာပါ။

သမ္မတအိုဘားမား အနေနဲ့ ဂွမ်တာနမိုက အမှုတွေကို အရပ်ဖက် တရားရုံးတွေကို လွှဲပြောင်းဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပမေယ့် သူ့ရည်ရွယ်ချက်ဟာ မအောင်မြင်ခဲ့ပဲ ဥပဒေအသစ်တွေသာ ပြဌာန်းခဲ့ရပါတယ်။

အဲဒီ ပြဌာန်းချက် ဥပဒေတွေထဲမှာ တရားခံတွေကို ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ပြီး ဖြောင့်ချက် ပေးခိုင်းတာမျိုးတွေကို ပိတ်ပင်တာတွေ ပါဝင်ပါတယ်။

ဒါပမယ့်လည်း ခါလစ်ရှိတ်ခ် မိုဟာမတ်အတွက် ကန့်သတ်မှုတွေ လုပ်ထားတာကြောင့် ဒီတရားစီရင်မှုဟာ ဥပဒေကြောင်းအရ တရားဝင်မှု မရှိဘူးလို့ တရားခံရှေ့နေက ပြောပါ တယ်။