ဂရိ ရွေးကောက်ပွဲ ရလဒ် ခန့်မှန်းချက်တွေထွက်

greece_elections
Image caption ဂရိ ရွေးကောက်ပွဲ ရလဒ်တွေကို စောင့်မျှော်နေကြသူများ

ဂရိ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ တွေက ရလဒ် ခန့်မှန်း ချက်တွေအရ ခြိုးခြံ ချွေတာရေး အစီအစဉ် တွေကို ဆန့်ကျင်ကြတဲ့ ပါတီတွေ အခြေအနေ ကောင်းနေတယ်လို့ ဆိုပါတယ်။

အဲဒီ အထဲက ရှေးရိုးစွဲ နယူး ဒီမိုကရေစီ ပါတီက အများဆုံး နိုင်လိမ့်မယ်လို့ ခန့်မှန်း ထားပေမယ့် အစိုးရ ဖွဲ့နိုင် လောက်မှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဲဒီ ပါတီရဲ့ ခေါင်းဆောင် အန်တိုးနစ္စ ဆာမာရပ်စ် က ဂရိ နိုင်ငံကို ဥရောပသမဂ္ဂ အထဲမှာ ဆက်ရှိနေစေရေးနဲ့ အီးယူနဲ့ သဘောတူ ထားတဲ့ ခြိုးခြံရေး အစီအမံ တွေကနေ စီးပွားရေး ဉီးမော့လာ စေဖို့ အတွက် ညွန့်ပေါင်း အစိုးရ ဖွဲ့ကြဖို့ တိုက်တွန်း ထားပါတယ်။

တခါ ဆိုရှယ်လစ် တွေရဲ့ ပါဆော့ခ် ပါတီကိုတော့ ပြိုင်ဘက် လက်ဝဲ သမားတွေရဲ့ ရှာရစ်ဇာ ပါတီက တတိယ နေရာကို ပို့ပစ် လိုက်နိုင် တယ်လို့ ခန့်မှန်း ထားပါတယ်။ ရှာရစ်ဇာ ပါတီဟာ အီးယူရဲ့ ဘဏ္ဍာရေး အကူအညီ တွေနဲ့ ပတ်သက်လို့ ဆန့်ကျင် ထားတဲ့ ပါတီ ဖြစ်ပါတယ်။