ပြင်သစ် သမ္မတသစ်ကို ဂျာမနီ ကြိုဆို

  • 6 မေ 2012
francois_ollande ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ် သမ္မတသစ် ဖရန်ဆွာ အိုလောန်းဒ်

ပြင်သစ် ရွေးကောက်ပွဲမှာ မစ္စတာ ဆာကိုဇီးကို ထောက်ခံခဲ့တဲ့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က အနိုင်ရသွားတဲ့ မစ္စတာအိုလန်းဒ်ကို ဂုဏ်ပြု ချီးကျူး စကား ဆိုလိုက်ပြီး ဘာလင်မြို့ မှာ တွေ့ဆုံ ကြဖို့ ကိုလည်း ဖိတ်ကြားလိုက် ပါတယ်။

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဂီဒို ဗက်စတာဗဲလ် ကလည်း နှစ်နိုင်ငံ ပူးပေါင်းပြီး ယူရိုဇုန် အတွင်း စီးပွားရေး တိုးတက်လာဖို့ ဆောင်ရွက် နိုင်ကြ မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

မစ္စတာ အိုလန်းဒ်ကတော့ ဥရောပတိုက် အတွင်းက အကြွေးပြဿနာ တွေကို ကိုင်တွယ် ဖြေရှင်း သွားနိုင်ဖို့၊ စီးပွားရေး တွေ ဉီးမော့ လာစေဖို့နဲ့ အလုပ်အကိုင်သစ်တွေ ဖန်တီး နိုင်ဖို့ အတွက် အီးယူ သဘောတူ စာချုပ်နဲ့ ပတ်သက်လို့ ပြန်ပြီး ညှိုနှိုင်းမှုတွေ လုပ်သွားချင်ကြောင်း ပြောထားပါတယ်။

မစ္စစ် မာခဲလ် ကတော့ အီးယူ ရဲ့ အသုံးစားရိတ် တွေနဲ့ ပတ်သက်လို့ တင်းကျပ်ထားတဲ့ သဘောထား မူတွေ နဲ့ ပတ်သက်လို့ ညှိုနှိုင်း ဆွေးနွေး သွားဖို့ မဖြစ်နိုင်ကြောင်း ဆိုပါတယ်။