ဂရိ ရွေးကောက်ပွဲ ကျင်းပပြီးပေမယ့် အစိုးရ မဖွဲ့နိုင်သေး

ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ အောင်ပွဲခံနေ

ဂရိနိုင်ငံမှာ Antonis Samaras ခေါင်းဆောင်တဲ့ ဗဟို လက်ယာယိမ်း သမားတွေက သူ့အနေနဲ့ ညွန့်ပေါင်း အစိုးရမဖွဲ့နိုင်ဘူးလို့ ပြောခဲ့ ပြီးတဲ့နောက် အတိုက်အခံ ဖြစ်တဲ့ လက်ဝဲယိမ်း ခေါင်းဆောင် Alexis Tsipras ကို အစိုးရ သစ်ဖွဲ့ဖို့ ပန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဗဟို လက်ယာယိမ်း New Democracy ပါတီ ခေါင်းဆောင် Antonis Samaras က အစိုးရဖွဲ့ဖို့ နည်းမျိုးစုံ လုပ်ဆောင်ခဲ့ပေမယ့် ဒီတာဝန်ကို ထမ်းဆောင်ဖို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် အစိုးရဖွဲ့ခွင့် အမိန့်အာဏာကို သမ္မတဆီ ပြန်လွှဲပေး လိုက်ပါပြီလို့ ဆိုပါတယ်။

Alexis Tsipras ခေါင်းဆောင်တဲ့ ဆာရီဇာ အုပ်စုက ဂရိ နိုင်ငံရဲ့ ဘဏ္ဍာရေး ကယ်ဆယ်မှု တွေထဲက အစိတ်အပိုင်း တခုဖြစ်တဲ့ ခြိုးချန်ချွေတာရေး အစီအစဉ်တွေကို ပယ်ချမယ့် လွှတ်တော် အမတ်တွေနဲ့ အစိုးရ ဖွဲ့ချင်တာ ဖြစ်ပါတယ်။

ဂရိမှာ အခုလို နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နောက်ထပ် ရွေးကောက်ပွဲသစ်တွေ ပြန်ကျင်းပ ရနိုင်တယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က သုံးသပ်ပါတယ်။