လေကြောင်းဖေါက်ခွဲမှုဘေးကြိုတင်ဖေါ်ထုတ်နိုင်

  • 8 မေ 2012
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပင်နယ်တာ ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန်ကာကွယ်ရေးဝန်ကြီး ပန်နီတာ

ထောက်လှမ်းရေး စီမံချက်အတွင်း အခုဖမ်းမိတဲ့ဖေါက်ခွဲရေးပစ္စည်းကို အမေရိကန်ကသိမ်းဆည်းထားပြီး နည်းပညာနဲ့မှုခင်းဆိုင်ရာ လေ့လာနေတယ်လို့ FBIစုံစမ်း ထောက်လှမ်းရေး အဖွဲ့ကပြောပါတယ်။ ဒီအမှုကိုဖေါ်ထုတ်လိုက်တဲ့အချိန်မှာ ပစ်မှတ်ကိုမရွေးရသေးသလို လေယာဉ်လက်မှတ်လည်းမဝယ်ရသေးပါဘူး။ ဖေါက်ခွဲရေးသမားနဲ့ ပတ်သက်လို့လည်း ရည်ညွှန်းဖေါ်ပြတာမရှိသလို အကြမ်းဖက်လုပ်ငန်းအတွက် စီစဉ်ထားတဲ့ IED လို့ခေါ်တဲ့ ဖေါက်ခွဲရေးပစ္စည်းကို ပြည်ပထောက်လှမ်းရေးနဲ့ ပူးပေါင်းပြီး ပြည်ပမှာ ဖေါ်ထုတ်လိုက်တာလို့FBI ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နီတာကအမေရိကန်နိုင်ငံကို တိုက်ဖို့ကြိုးစားနေတဲ့ အယ်ကိုင်ဒါနဲ့သူ့စစ်ရေးမဟာမိတ်တွေကို ရှာဖွေတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေလုပ်နေတယ်ဆိုတာကလွဲလို့ အသေးစိပ်မပြောနိုင်ကြောင်း အခုဖြစ်ရပ်ကိုကြည့်ရင် အမေရိကန်ကို တိုက်မယ့် သူတွေရဲ့ရန်ကနေ သတိရှိရှိ ကာကွယ်ဖို့လိုတာပြနေကြောင်း ဒါကြောင့်တိုင်းပြည်ဘေးကင်းအောင် လိုအပ်သလိုအစွမ်းကုန်လုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

ဒီပစ္စည်းကိုလေ့လာကြည့်တဲ့အခါအာရပ်ပင်လယ်ကွေ့မှာ လေယဉ်တိုက်ခိုက်မှု လုပ်ကြံသတ်ဖြတ်မှုတွေမှာ al-Qaedaအဖွဲ့အကြမ်းဖက်တိုက်ခိုက်မှုမှာသုံးလေ့ရှိတဲ့ ဖေါက်ခွဲရေးပစ္စ့ည်းနဲ့အတော်တူတယ်လို့ ပဏာမတွေ့ရှိရကြောင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနကတော့ လေကြောင်းလေခြုံရေးအတွက် ဘေးအန္တရာယ်တွေကိုဆက်လေ့လာနေပြီးခရီးသည်တွေကိုရှာတာ လုံခြုံရေးစစ်ဆေးတာတွေအပြင် အခြားလုံခြုံရေး အစီအမံတွေနဲ့စစ်ဆေးသွားမယ်လို့ ပြောပါတယ်။ ဘင်လာဒင် သေဆုံးတဲ့တနှစ်ပြည့် အထိမ်းအမှတ်လုပ်ပြီးမကြာခင်ဒီသတင်းထွက်လာသလို ယီမင်မှာ အယ်ကိုင်းဒါးအကြီးတန်းခေါင်းဆောင် Fahd al-Quso ကိုစက်မဲ့လေယာဉ်နဲ့ တိုက်ခိုက်သတ်ဖြတ်ပြီးတဲ့နောက် ဒီသတင်းထွက်လာတာဖြစ်ပါတယ်။