ကန်စစ်ကျောင်း သင်ရိုး ဘာသာရေး ပုတ်ခတ်

  • 11 မေ 2012
mecca ဓာတ်ပုံ မူပိုင် AP
Image caption မက္ကာကို လိုအပ်ရင် အဏုမြူဗုံးချ ပစ်မယ်လို့ သင်ခဲ့

အမေရိကန် စစ်ကျောင်းတွေမှာ အစ္စလာမ် ဘာသာ အကြောင်း သင်ကြားတဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး အဆင့်မြင့်ဆုံး အမေရိကန် စစ်အရာရှိကြီး တယောက်က ဝေဖန် ရှုတ်ချ လိုက်ပါတယ်။

အမေရိကန်ရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ယဉ်ကျေးမှု အလေးထား မှုတွေကို ဆန့်ကျင် နေတဲ့ ဒီသင်တန်းကို လုံးဝ လက်ခံလို့ မရဘူးလို့ ပူးတွဲ စစ်ဦးစီးချုပ် အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မာတင် ဒမ်ဆီက ဆိုပါတယ်။

အရင်လက ရပ်ဆိုင်းလိုက်တဲ့ ဒီသင်တန်းမှာ အမေရိကနဲ့ အစ္စလာမ် ဘာသာဝင်တွေ စစ်ဖြစ်နေကြတယ်၊ မက္ကာလို အစ္စလာမ် ဘာသာရေး အရ အထွတ်အမြတ် မြို့တော်တွေကို လိုအပ်ရင် အဏုမြူဗုံးချ ပစ်ရမယ်ဆိုတဲ့ အပြော အသုံးတွေ ပါခဲ့ပါတယ်။