ယူရိုဇုန်စီးပွားရေး ဆုတ်ယုတ်

  • 11 မေ 2012
ဓာတ်ပုံ မူပိုင် AP
Image caption အခုနှစ်ဝက်ကနေ ရှေ့နှစ် အချိန်အထိ တဖြည်းဖြည်း ပြန်လည် ဦးမော့လာမယ်

ဥရောပမှာ အခုနှစ် စီးပွားရေး ဆုတ်ယုတ် လာ နေတဲ့ အပေါ် အီးယူ ဥရောပ သမဂ္ဂက ခန့်မှန်းချက် ထုတ်ပြန်ရာမှာ၊ ယူရိုဇုန် စီးပွားရေးဟာ ဒီနှစ်အတွက် သုည ဒဿမ ၃ ရာခိုင်နှုန်း ဆုတ်ယုတ် သွားလိမ့်မယ်လို့ အီးယူ စီးပွားရေး ကော်မရှင်နာ မင်းကြီး အိုလီရိန်းက ပြောပါတယ်။

ဥရောပစီးပွားရေး ဆုတ်ယုတ်မှုဟာ အလယ် အလတ် အဆင့်လောက်မှာ ရှိနေပြီး ဒီနှစ်ဝက်ကနေ ရှေ့နှစ်အထိ အချိန်အတွင်း တဖြည်းဖြည်းခြင်း ပြန်လည် ဦးမော့လာမယ် ဆိုတာ ယုံကြည်ရပါတယ်လို့ သူက ပြောကြားပါတယ်။

စီးပွားရေး ကသောင်းကနင်း အဓိက ဖြစ်နေတဲ့ နိုင်ငံတခု ဖြစ်တဲ့ စပိန်နိုင်ငံ ကတော့ ဘဏ္ဍာရေး လုပ်ငန်းပိုင်းတွေ နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ လျော့ကျဖို့ ကြိုးပမ်းနေပါတယ်။

စပိန်အစိုးရကနေ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို ထုတ်ဖေါ်ပြောကြားရာမှာ အရှုံးပေါ်နေမှုတွေ အထူးသဖြင့်တော့ အိမ်ယာစျေးကွက်မှာ အရှုံး ပေါ်နေတာတွေကို ကာကွယ် နိုင်ဖို့ အတွက် ဘဏ်တွေ အနေနဲ့ အရန်ငွေ ပိုမိုထားရှိဖို့ တာဝန်ရှိလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ အိုလီရိန်းက စပိန်နိုင်ငံဟာ စီးပွားရေး ဆုတ်ယုတ်မှု အခြေအနေထဲမှာ ဆက်လက် ရှိနေပေမယ့်လည်း၂၀၁၃ ခုနှစ်မှာ ပြန်လည် ဦးမော့်လာနိုင် တယ်လို့ သူက ခန့်မှန်းထား ပါတယ်။ ဒါပေမယ့်လည်း ခိုင်ခိုင်မာမာ ရှိမယ့် ပုံစံမျိုးတော့ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။