အယ်လ်ဂျီးရီးယား ရွေးကောက်ပွဲ NLF ပါတီ အနိုင်ရ

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဘူတာ ဖလိကာရဲ့ NLF ပါတီက အမတ်နေရာ ၂၂၀ ကို အနိုင်ရသွားတာပါ။

အယ်လ်ဂျီးရီယား ကို နှစ်ပေါင်း ၅၀ ကြာအုပ်ချုပ်ခဲ့တဲ့ The National Liberation Front ပါတီက ပါလီမန် နေရာအတော်များများကို အနိုင်ရပြီး အကြီးအကျယ် အောင်ပွဲခံသွားပါတယ်။

သမ္မတ ဘူတာ ဖလိကာ ဦးဆောင်တဲ့ ဒီပါတီဟာ ပါလီမန်နေရာ တဝက်နီးပါး ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ပါတီကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ရွေးကောက်ပွဲ အကြိုမှာ ရေပန်းစားခဲ့တဲ့ အစ္စလမ်မစ် ညွှန့်ပေါင်းပါတီက ထင်ထားသလို မဟုတ်ပဲ မဲ အတော် ပြတ်ကျန်ခဲ့ပြီး တတိယနေရာ သာရခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီရွေးကောက်ပွဲမှာ မဲ မသာမာ မှုတွေရှိပြီးတိုင်းပြည်ရှေ့ရေးအတွက် မကောင်းဘူးလို့ အစ္စလမ်မစ် ညွှန့်ပေါင်းပါတီက ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်မှု တွေလုပ်ခဲ့ပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံသားတွေကတော့ ဒီရွေးကောက်ပွဲအပေါ် စိတ်လှုပ်ရှားမှု အနည်း အကျဉ်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။