ဆူဒန်အရေး စစ်ရာဇဝတ်မှု မြောက်

  • 12 မေ 2012
Image caption ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး

တောင်ပိုင်းဆူဒန် အပေါ် ဆူဒန်နိုင်ငံရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေးက ပြောကြားခဲ့ပါတယ်။

တောင်ပိုင်းဆူဒန်ရဲ့ မြို့တော် ဂျူဘာကို ရောက်ရှိနေတဲ့ မစ် နာဗီပီလေးက အခု တိုက်ခိုက်မှုတွေဟာ ပြည်သူတွေ နေထိုင်တဲ့ ဒေသတွေကို တမင်တကာ ထိုးစစ် ဆင်တာလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဆူဒန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ပျက်အောင်လုပ်တာ ဖြစ်တယ်လို့ တောင်ပိုင်း ဆူဒန်စွပ်စွဲလိုက်ပါတယ်။

ဆူဒန် ဘက်ကလည်း တောင်ပိုင်း ဆူဒန်ဟာ သူပုန်တွေကို အထောက်အပံ ပေးနေတယ်လို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။