မက္ကဆီကို မြောက်ပိုင်းမှာ အစုအပြုံလိုက် သတ်ဖြတ်

  • 13 မေ 2012
mexico_slayings
Image caption ရဲတွေ စောင့်ကြပ် နေတဲ့ လူသေ အလောင်းတွေ တွေ့တဲ့ နေရာ

မက္ကဆီကို နိုင်ငံ မြောက်ပိုင်း၊ မွန်တာရေး မြို့အနီးက အဝေးပြေး လမ်းမမှာ ခုတ်ဖြတ် ထားတဲ့ လူသေ အလောင်း ၄၉ လောင်းကို တွေ့ရှိခဲ့ ရကြောင်း အာဏာပိုင် တွေက ပြောပါတယ်။

ဒီ အလောင်းတွေ ဟာ လက်တွေလည်း အဖြတ် ခံထားရတဲ့ အတွက်ကြောင့် ဘယ်သူ ဘယ်ဝါ ဆိုတာ ပြောဖို့ ခက်နေတယ်လို့ လုံခြုံရေး အရာရှိ တွေက ပြောပါတယ်။

အဲဒီ သတ်ဖြတ်မှု တွေဟာ ပြိုင်ဘက် မူးယစ်ဆေးဝါး ဂိုဏ်းတွေ အကြား တိုက်ခိုက်မှု တွေကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။

ဒီ အလောင်းတွေနဲ့ အတူထား ခဲ့တဲ့ စာတစောင်အရ ဒီလူတွေကို ဇေတပ်စ် ကာတဲလ် ဂိုဏ်းက သတ်ဖြတ် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ မက္ကဆီကို မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ထဲက နောက်ဆုံး ဖြစ်ရပ် တခုလည်း ဖြစ်ပါတယ်။

အဲဒီ ဒေသမှာ အမေရိကန် ပြည်ထောင်စု အတွင်းကို မူးယစ် ဆေးဝါး ခိုးသွင်း နေတဲ့ လမ်းကြောင်း တွေကို ထိန်းချုပ် နိုင်ဖို့ အတွက် မူးယစ် ဂိုဏ်းတွေ အချင်းချင်း တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။