စပိန်မှာ မေ ၁၅ နှစ်ပတ်လည် ချီတက်ကြ

  • 13 မေ 2012
spain_protests
Image caption စပိန်က ဆန္ဒပြနေကြသူများ

စပိန် နိုင်ငံမှာတော့ ခြိုးခြံ ချွေတာရေး အစီအမံ တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ် ခဲ့တာ ၁ နှစ် ပြည့်တဲ့ အထိမ်းအမှတ် အဖြစ် လူထောင်ပေါင်း များစွာ ချီတက် ခဲ့ကြပါတယ်။

အဲဒီ အထဲက မခံရပ်နိုင်သူများ လို့ ခေါ်တဲ့ အစိုးရ ဆန့်ကျင်သူတွေရဲ့ အဓိက ချီတက် ဆန္ဒပြပွဲကြီး ကိုတော့ မနှစ်က ဆန္ဒပြသူတွေ စခန်းချ ခဲ့ကြတဲ့ မဒရစ် မြို့လယ်မှာ ကျင်းပပါတယ်။

တခါ ဒီဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ မေ ၁၅ ကို ဂုဏ်ပြုပြီး ၁၅ အမ် လို့ အမည်ပေးထားတဲ့ အဖွဲ့တဖွဲ့ကလည်း ရက်တော်တော် ကြာမဲ့ ချီတက်ပွဲတွေ လုပ်သွားဖို့ စီစဉ်နေပါတယ်။

မဒရစ်မြို့က အာဏာပိုင်တွေက ဒီလူတွေအတွက် ယာယီ ဆန္ဒပြခွင့်တွေ ထုတ်ပေးထားပေမယ့် မနှစ်တုန်းကလို တလလောက် စခန်းချကြတာ မျိုးကိုတော့ တားဆီး သွားမယ်လို့ ဆိုပါတယ်။

အဲဒီ လိုမျိုး ခပ်ဆင်ဆင် ဆန္ဒပြပွဲ တွေကိုလည်း လန်ဒန်မြို့ အပါအဝင် ကမ္ဘာ တဝှမ်းက မြို့ကြီးတွေမှာ ပြုလုပ် ကြပါတယ်။

စပိန်မှာ မနှစ်က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ လူပေါင်း သိန်းနဲ့ ချီပြီး တက်ရောက် ခဲ့ကြသလို အဲဒီ နောက်ပိုင်းမှာ စပိန်ရဲ့ စီးပွားရေးကလည်း တော်တော်ကျဆင်း သွားခဲ့ပါတယ်။