ဒမတ်စကတ်စ်ဗုံးခွဲမှု သူတို့လုပ်တာလို့ စစ်သွေးကြွေ အဖွဲ့ပြော

  • 13 မေ 2012
syria_blast
Image caption ဆီးရီးယားက ဗုံးပေါက်ကွဲခဲ့တဲ့ နေရာ

ဆီးရီးယား နိုင်ငံက အဲလ်ခိုင်းဒါး အဖွဲ့နဲ့ အဆက် အသွယ် ရှိတဲ့ လူသိ မများလှတဲ့ စစ်သွေးကြွ အဖွဲ့ တခုက ကြာသပတေး နေ့က ဒမတ်စကတ်စ် မြို့မှာ ဖြစ်ပွား ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက် မှုကို သူတို့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် လူ ၅၅ ဉီးထက် မနည်း သေဆုံး သွားခဲ့ရပါတယ်။ ဒီ အဲလ် နုစရာ တပ်ဉီး လို့ခေါ်တဲ့ အဖွဲ့က ဆီးရီးယား အစိုးရက လူနေ အိမ်ခြေ တွေကို တိုက်ခိုက်မှု တွေလုပ်ခဲ့တဲ့ အပေါ်မှာ လက်တုန့်ပြန် တာဖြစ်ကြောင်း သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထား ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဒမတ်စကတ်စ် မှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကြီး တခုကိုလည်း သူတို့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဒီအဖွဲ့က ကြေညာ ခဲ့ဖူးပါတယ်။

ဆီးရီးယား အာဏာပိုင် တွေက အတိုက်အခံတွေကို အဲလ် ခိုင်းဒါးအဖွဲ့က နောက်က ပံ့ပိုး ပေးနေတယ်လို့ မကြာခဏ စွပ်စွဲ ခဲ့ဖူး ပါတယ်။