အမေရိကန် အကြမ်းဖက် တိုက်ဖျက်ရေး အကြံပေး ယီမင်ရောက်ရှိ

john_brennan
Image caption သမ္မတ အိုဘားမားနဲ့ အကြမ်းဖက် တိုက်ဖျက် ရေး အကြံပေး ဂျွန်ဘရဲန်နန်

အမေရိကန် သမ္မတ အိုဘားမားရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အကြံပေး ဂျွန် ဘရဲန်နန်ဟာ ယီမင် နိုင်ငံကို ရောက်ရှိ နေပါတယ်။

ယီမင် သမ္မတ အဗ္ဗဒရာဘာ မန်ဆာ ဟဒီက မစ္စတာ ဂျွန် ဘရဲန်နန်ကို သူ့အစိုးရဟာ ယီမင် အတွင်းမှာ ရှိနေတဲ့ အဲလ်ခိုင်းဒါးနဲ့ ဆက်သွယ်တဲ့ စစ်သွေး ကြွတွေ အကုန်လုံးကို ယီမင် နိုင်ငံ အတွင်းကနေ ပပျောက်သွား တဲ့အထိ တိုက်ဖျက် သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ယီမင် အစိုးရ တပ်ဖွဲ့တွေက နိုင်ငံတောင်ပိုင်း က စစ်သွေးကြွ တွေထိန်းချုပ် ထားတဲ့ ဒေသ တွေကို ပြန်လည် ထိန်းချုပ် သွားနိုင်ဖို့ အတွက် လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူတွေ ယူပြီး ထိုးစစ်ဆင် နေချိန်မှာ အခုလို အမေရိကန် ကိုယ်စားလှယ်တွေ ရောက်ရှိ လာကြ တာပဲ ဖြစ်ပါတယ်။

ဇင်ဂျီဘာ ဒေသကို ထိုးစစ်ဆင် ခဲ့ရာမှာတော့ စစ်သွေးကြွ တွေဘက်က ၃၀ ထက်မနည်း သေဆုံး သွားပြီး အစိုးရ တပ်တွေ ဘက်ကတော့ ၁၂ ဉီး ကျဆုံး သွားတယ်လို့ သတင်းရရှိ ပါတယ်။