ကယ်လီဖိုးနီးယားမှာ ၁၆ ဘီလျံ လိုငွေပြ

  • 15 မေ 2012
brown
Image caption အစိုးရ အမှုထမ်းတွေ တပတ် ၄ ရက်ပဲ အလုပ် ဆင်းခိုင်းမယ်

ကယ်လီဖိုးနီးယား ပြည်နယ် မှာတော့ ဒေါ်လာ သန်းပေါင်း တသောင်း ခြောက်ထောင်လောက် လိုငွေပြတဲ့ ဘက်ဂျက် ရသုံးစာရင်းကို ကာမိဖို့ အခွန်သစ်တွေ တိုးကောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု တွေကို ဖြတ်တောက်ဖို့ ပြီးတော့ အစိုးရ အမှုထမ်းတွေကို တပတ် ၄ ရက်ပဲ အလုပ်ဆင်းခိုင်းဖို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်း က အဆိုပြု ခဲ့ပါတယ်။

စီးပွားရေး နလံထမှု နှေးကွေး နေသေးတဲ့ အတွက် လိုငွေပြမှုဟာ ဇန်နဝါရီလက မှန်းထားခဲ့တာ ထက် အများကြီး ပိုဆိုးနေတယ်လို့ မစ္စတာ ဘရောင်းက ဆိုပါတယ်။

အသုံးစရိတ်တွေ ဖြတ်တောက်မှု အပြင် ချမ်းသာသူ တွေဆီက အခွန် ပိုကောက်မှုကို ထောက်ခံဖို့လည်း မဲဆန္ဒရှင်တွေကို သူက တိုက်တွန်း ခဲ့ပါတယ်။

အမေရိကန် ပြည်နယ် အများစု လိုပဲ ကယ်လီဖိုးနီးယား နယ်သားတွေ ဟာလည်း တတ်နိုင်တာထက် ပိုသုံးခဲ့တာကို ခုမှ သိကြတော့တယ်လို့ အုပ်ချုပ်ရေးမှူး မစ္စတာဘရောင်းက ဆိုပါတယ်။