ဒလိုင်းလားမား ကိစ္စ တရုတ် အစိုးရ ငြင်း

  • 14 မေ 2012
Tibet Spiritual Leader, Dalai Lama ဓာတ်ပုံ မူပိုင် BBC World Service
Image caption တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်း လားမား

တရုတ် အစိုးရက ပြည်ပရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်း လားမားကို အဆိပ်ခတ် သတ်ဖြတ်ဖို့ လျှို့ဝှက် ကြံစည်တယ် ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။

ဒလိုင်းလားမားက လက်နဲ့ ထိပြီး ဆုတောင်း ပေးမယ့် အစီအစဉ် အတွင်း တိဘက် လူမျိုး အမျိုးသမီးတစ်ယောက်ရဲ့ ဆံပင်နဲ့ အဝတ် အစားမှာ အဆိပ်တွေကို သုတ်ထားဖို့ သင်ပေး ထားတယ် ဆိုတဲ့ သတိပေးမှု ရခဲ့တဲ့ အကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာ တစ်စောင်နဲ့ မေးမြန်းခန်းမှာ ဒလိုင်းလားမားက ပြောခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တော့ အဲဒီ စွပ်စွဲချက်တွေဟာ အခြေ အမြစ် မရှိတဲ့ အကြောင်းနဲ့ ခေျပ ပြောဆိုစရာ အကြောင်းလည်း မရှိဘူးလို့ ပြောပါတယ်။

ဒလိုင်း လားမားဟာ ဘာသာရေး အရည်ခြုံပြီး ခွဲထွက်ရေး လှုပ်ရှားမှု လုပ်ဆောင်နေတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။