နေတိုးက အရပ်သားတွေ မထိခိုက်အောင် ကြိုးပမ်းခဲ့ လို့ဆို

  • 14 မေ 2012
NATO airstrike in Tripoli ဓာတ်ပုံ မူပိုင်
Image caption မနှစ်က နေတိုးရဲ့ တပ်ဖွဲ့တွေ က ထရီပိုလီ မြို့တော်က ဆိပ်ကမ်း ကို တိုက်ခိုက် ခဲ့စဉ်

မနှစ်တုန်းက လစ်ဗျားနိုင်ငံ အပေါ် NATO ခေါ် မြောက် အတ္တလန်တိတ် စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှု စစ်ဆင်ရေး အတွင်း အရပ်သား တွေ သေဆုံးမှု အရေ အတွက်ကို မီးမောင်း ထိုးပြ ထားတဲ့ HRW လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာ အပေါ် မဟာမိတ် အဖွဲ့က ပြန်လည် တုံ့ပြန်လိုက် ပါတယ်။

သူတို့ အနေနဲ့ ခါတိုင်းထက်ပို သတိ ထားပြီး ပစ်မှတ်တွေကို တိတိ ကျကျ တိုက်ခိုက် ခဲ့တယ်လို့ နေတိုး အဖွဲ့က ပြောဆို တုံ့ပြန်လိုက် တာပါ။

ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ စစ်ရေး အဆောက်အအုံ တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အဲဒီ စစ်ဆင်ရေးမှာ အရပ်သား ၇၂ ယောက်ထက် မနည်း သေဆုံးခဲ့တယ် လို့ လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြော ပါတယ်။

NATO မဟာမိတ် အဖွဲ့က အရပ်သားတွေ ကို မထိခိုက်အောင် အနည်း အပါး ကြိုးစားမှု ရှိခဲ့တယ်၊ အဲဒါကိုလည်း လေးစားတယ်၊ ဒါပေမဲ့ အရပ်သား ၇၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးတာတွေ၊ ရှင်းလင်း ပြောပြတာတွေ မလုပ်ခဲ့ဘူးလို့ HRW အစီရင်ခံစာ ရေးသားသူ ဖရက် အီဘရာဟင် Fred Abrahims က ပြောပါတယ်။

သေဆုံးသူ တွေရဲ့ မိသားစုကို လျော်ကြေး ပေးသင့်တယ် လို့လည်း အစီရင်ခံစာမှာ ပြောထားပါတယ်။