ရက်ကို မလာဒစ်ရှ် အမှုကို ဆိုင်းငံ့ထား

ဓာတ်ပုံ မူပိုင် BBC World Service
Image caption တရားလိုဘက်က သက်သေ အချက်အလက် တွေကို ထုတ်မပေးနိုင်ခဲ့

ဘောစနီးယား ဆာ့ဘ် စစ်ခေါင်းဆောင် ဟောင်း ရက်ကို မလာဒစ်ရှ်ကို စစ်ရာဇဝတ် မှုတွေနဲ့ အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှာ ကြားနား စစ်ဆေး နေရာမှာ တရားလို ရှေ့နေတွေ ဘက်ကနေ တရာခံနဲ့ ပတ်သက်တဲ့ သက်သေ အထောက်ထားတွေ ထုတ်ပေးဖို့ ပျက်ကွက်ခဲ့တာ ကြောင့် အမှုကို ဆိုင်းငံ့ထားလိုက်ပါတယ်။

တရားခံ ရက်ကို မလာဒစ်ရှ်ရဲ့ရှေ့နေတွေကို ပေးရမယ့် စာမျက်နှာ ၇၀၀၀ လောက်ရှိတဲ့ သက်သေ အချက်အလက်တွေကို တရားလို ဘက်ကနေ မှာယွင်းမှု တချို့ကြောင့် လွှဲပြောင်းမပေးနိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ဒါဟာ ရုံးလုပ်ငန်းပိုင်း မှားယွင်းမှုကြောင့် အခုလို ဖြစ်ခဲ့ရပုံ ပေါ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တရားခံဘက် ကတော့ ဒီအထောက်အထားတွေကို ဖတ်ရှုပြီး ပြန်လည်ချေပနိုင်ဖို့ အတွက် ၆ လ အချိန်တောင်းထားပါတယ်။

ဒါပေမယ့်လည်း ဦးဆောင် တရားသူကြီးကတော့ ကြန့်ကြာမှုတွေ အချိန်အကြာကြီး ဖြစ်စေမှာ ကြောင့် အကြီးအကျယ် အကျပ်ရိုက်နေ ပါတယ်။

ဘော့စနီးယား ပဋိပက္ခအတွင်း ရက်ကို မလာဒစ်ရှ်ဟာ စစ်ရာဇဝတ်မှု ၁၁ ခု နဲ့ လူသားတွေကို လူမဆန်စွာ အစုလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ တရား ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

မလာဒစ်ရှ်ကတော့ စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။