စပိန် ဘဏ္ဍာရေး အခြေအနေဆိုး

  • 18 မေ 2012
spain
Image caption စပိန် စီးပွားရေး တုံ့ဆိုင်းလို့ လူထု မကျေနပ်

မူဒီ အကဲဖြတ် အဖွဲ့က စပိန် ဘဏ် ၁၆ ခုရဲ့ အဆင့်အတန်းကို လျှော့ချ ခဲ့တဲ့ အတွက် ယူရို ဇုန် ငွေကြေး အကျပ်အတည်း အတွက် ပိုစိုးရိမ်စရာ ဖြစ်လာပါတယ်။

စပိန် နိုင်ငံရဲ့ စီးပွားရေး တုံ့ဆိုင်းလာမှုနဲ့ အစိုးရရဲ့ ထောက်ကန် နိုင်စွမ်း ကျဆင်းလာမှု တွေကြောင့် ဒီလို လျှော့ချ ခဲ့တာလို့ ဆိုပါတယ်။

လူတွေက သူတို့ စုငွေတွေကို အပြေးအလွှား သွားထုတ် ကုန်ကြလို့ စပိန်ရဲ့ စတုတ္ထ အကြီးဆုံး ဘဏ် ဖြစ်တဲ့ ဘန်ကီယာ ဘဏ်ရဲ့ ရှယ်ယာတွေ ထိုးကျသွား ခဲ့ပါတယ်။

အိုးအိမ် စျေးကွက် ပျက်ပြားမှုက အဆုံးအရှုံး ကြီးလွန်းတဲ့ အတွက် အစိုးရက ထုတ်ချေးပြီး ကယ်နိုင်တော့မှာ မဟုတ်ဘူးလို့ လည်း စိုးရိမ် နေကြတယ် လို့ သတင်းထောက် တွေက ဆိုပါတယ်။