ယူရို ကိစ္စ G8 ခေါင်းပူနေ

  • 19 မေ 2012
euro
Image caption ဥရောပ အကြွေး ပြဿနာ ဖြေရှင်းဖို့ အထူး အရေးကြီး

G8 အင်အားကြီး နိုင်ငံတွေက ခေါင်းဆောင်တွေ အမေရိကမှာ တွေ့ဆုံဖို့ ရောက်ရှိ နေကြပါတယ်။

ယူရိုဇုန် အကျပ်ရိုက် နေတဲ့ ကိစ္စကို အဓိကထား ဆွေးနွေး ကြဖို့ များပါတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ ပြင်သစ် သမ္မတသစ် ဖရန်ဆွာ အော်လန်းတို့ ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြပြီး ၂ ယောက်လုံးက ဖွံ့ဖြိုးရေးကို အလေးထား ချင်ကြောင်း ရှင်းလင်း ပြောကြား ခဲ့ကြပါတယ်။

ဥရောပ အကြွေး ပြဿနာ ဆိုးရွား နေတာကို ကိုင်တွယ် ဖြေရှင်းဖို့ အထူး အရေးကြီးတယ်လို့ မစ္စတာ အိုဘားမားက ပြောဆိုပါတယ်။

ဂျာမန် အဓိပတိ အန်ဂလာ မာကဲ ကတော့ ယူရို ငွေကြေး ပြဿနာကို ချိုးခြံရေး အစီအမံ တွေနဲ့ ဖြေရှင်းဖို့ လိုလားပါတယ်။